အကြောင်းအရာ

ALiSEA ဗဟုသုတနှင့် အသိပညာစုဝေးရာ ဗဟိုချက် (ALiSEA Knowledge Hub) သည် မဲခေါင်ဒေသ၏ ဂေဟစနစ်ကို အားပြုသောစိုက်ပျိုးရေး (Agroecology) ဆိုင်ရာ အရင်းအမြစ်များ၊ ကျွမ်းကျင်မှုများနှင့် လက်တွေ့အသုံးချခြင်းဆိုင်ရာ အချက်အလက်များကို စုစည်းဖြန့်ဝေပေးသည့် လွတ်လပ်စွာ ဝင်ရောက် အသုံးပြုနိုင်သည့် အွန်လိုင်းပလက်ဖောင်း တစ်ခုဖြစ်သည်။

ဤပလက်ဖောင်းသည် ဗဟုသုတဆိုင်ရာဆောင်းပါးများ၊ စာအုပ်စာတမ်းစုစည်းရာ စာကြည့်တိုက်၊ မြေပုံများ၊ ဒေတာမြင်ကွင်းဖော်ပြချက်များနှင့် ‌ဂေဟစနစ်ကို အားပြုသော စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် များစာရင်းစသည့် အကြောင်းအရာမျိုးစုံကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ အပါအဝင် အခြားဒေသတွင်း ဘာသာစကားများဖြင့် စီစဥ်ဆောင်ရွက်ထားပါသည်။

နောက်ခံ အကြောင်းအရာ

မဲခေါင်ဒေသတွင် ဂေဟစနစ်ကို အားပြုသော စိုက်ပျိုးရေး(Agroecology) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အဟန့်အတားမှာ ဂေဟစနစ်ကို အားပြုသော စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်များ၏ အကျိုးကျေးဇူးများကို သက်သေပြနိုင်သည့် အထောက်အထားမရှိခြင်းပင် ဖြစ်သည်။
ဤအခြေအနေကြောင့် ဆုံးဖြတ်ချက်ချမှတ်သူများ၊ စားသုံးသူများနှင့် လယ်သမားများအား ၎င်း၏အလားအလာကို ယုံကြည်လက်ခံလာ‌စေရန် အခက်အခဲဖြစ်စေသည်။
ဒေသခံ ဘာသာစကားများဖြင့် လေ့လာနိုင်သော အရင်းအမြစ်များ ရှားပါးခြင်းသည်လည်း ‌ဂေဟစနစ်ကိုအားပြုသော စိုက်ပျိုးရေးကိုသိရှိနားလည်နိုင်စေရန်နှင့် အသိပညာဖြန့်ဖြူးရာတွင် အဟန့်အတားတစ်ခုလည်းဖြစ်နေသည်။ အဓိကအကျိုးသက်ဆိုင်သူများအား ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးဆီသို့ ဦးတည်သည့် အလားအလာကောင်းသည့်လမ်းကြောင်းတစ်ခုအဖြစ် လက်ခံယုံကြည်စေရန် ဝန်လေးနေစေသည့် အချက်တစ်ခုလည်းဖြစ်သည်။

 

ရည်ရွယ်ချက်

ALiSEA ဗဟုသုတနှင့် အသိပညာစုဝေးရာ ဗဟိုချက် (ALiSEA Knowledge Hub) ၏ ရည်မှန်းချက်မှာ မဲခေါင်‌ဒေသတွင် ဂေဟစနစ်ကိုအားပြုသော စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတအရင်းအမြစ် ဖြစ်လာရန်ဖြစ်သည်။ ဒေသတွင်းနှင့် နိုင်ငံအဆင့် အတွေ့အကြုံများ၊ ထိုးထွင်းသိမြင်မှုများ မြင်သာထင်သာရှိလာစေရန် ဗဟုသုတမျှဝေမှုကို လွယ်ကူချောမွေ့စေပြီး အရှိန်မြှင့်တင်နိုင်စေရန် ဤ Knowledge Hub က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အမျိုးမျိုးကွဲပြားခြားနားသည့် ဗဟုသုတများကို မြှင့်တင်ပေးခြင်းဖြင့် အကျိုးသက်ဆိုင်သူများအား စေ့ဆော်နိုင်ရန်၊ ဂေဟစနစ်ကိုအားပြုသောစိုက်ပျိုးရေးတွင် စိတ်ဝင်စားသော (သို့မဟုတ်) ပါဝင်ဆောင်ရွက်နေသော ပါဝင်ပတ်သက်သူအားလုံးအကြား ကွန်ရက်ချိတ်ဆက်မှုများ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

 

ဖွဲ့စည်းတည်ဆောက်ပုံ

ALiSEA ဗဟုသုတနှင့် အသိပညာစုဝေးရာ ဗဟိုချက် (ALiSEA Knowledge Hub)တွင် အဓိက စာမျက်နှာ (၅) ခုပါဝင်ပြီး တစ်ခုချင်းစီတွင် တိကျသော သီးခြားအသိပညာအမျိုးအစားကို ပံ့ပိုးပေးထားပါသည်။

၁။ ထိုးထွင်းသိမြင်မှုများ (Insights): ‌ဂေဟစနစ်ကိုအားပြုသောစိုက်ပျိုးရေး (agroecology) ၏ အမျိုးမျိုးသောရှုထောင့်များအကြောင်း အနှစ်ချုပ်၊ နည်းပညာပိုင်းဆိုင်ရာ လက်ကမ်းစာစောင်များနှင့် ဗီဒီယိုများအား စုစည်းတင်ပြထားသော စာမျက်နှာဖြစ်သည်။ ၎င်းအချက်အလက်များကို အမျိုးအစားအလိုက်၊ နိုင်ငံအလိုက်နှင့်  ဂေဟစနစ်ကိုအားပြုသောစိုက်ပျိုးရေး ဆိုင်ရာ ရေးသားချက်များကို ခေါင်းစဉ်အလိုက် ရှာဖွေနိုင်သည်။ အချို့အချက်အလက်များတွင် တည်နေရာပြမှတ်တမ်းများထည့်သွင်းထားပြီး မြေပုံကြည့်ရှုရေးကိရိယာ (Map Explorer) တွင် ကြည့်ရှုနိုင်သည်။

၂။စာကြည့်တိုက်  (Library): ဂေဟစနစ်ကို အားပြုသောစိုက်ပျိုးရေးဆိုင်ရာနှင့် ဆက်စပ်ခေါင်းစဉ်များအတွက် ဆောင်းပါးများ၊ အစီရင်ခံစာများနှင့် အခြားစာတမ်းများ စုစည်းထားခြင်း ဖြစ်သည်။ ၎င်းကို CKAN ဒေတာဘေ့စ်တွင် ‌ဒေတာစုစည်းမှု (datasets) အဖြစ် စနစ်တကျသိမ်းဆည်းထားသည်။ ‌ဒေတာစုစည်းမှုတစ်ခုချင်းစီတွင် စာတမ်းတစ်စောင် (သို့) တစ်စောင်ထက် ပိုမိုပါဝင်နိုင်သည်။ ရှာဖွေရာတွင် အသုံးပြုနိုင်သော စစ်ထုတ်ကိရိယာများ (filters) အမျိုးမျိုးလည်း ပါရှိသည်။

၃။ မြေပုံကြည့်ရှုရေးကိရိယာ (Map Explorer): အသုံးပြုသူများအား အမျိုးမျိုးသော မြေပြင်အကွာအဝေးအလွှာများ (spatial layers) ကို ပြသရန် ပြန်လည်တုံ့ပြန်ကြည့်ရှုနိုင်သော (interactive) မြေပုံစနစ်ဖြစ်သည်။ ၎င်းတွင် context layers (ဥပမာ – မြေအသုံးချမှုအမျိုးအစားများ၊ မြေယာပျက်စီးမှု၊ သစ်တောဖုံးလွှမ်းမှု စသည်) နှင့် ALiSEA feature layers (ဥပမာ – စိုက်ပျိုးရေးဆိုင်ရာ ဇီဝဗေဒ လုပ်ဆောင်ချက်များနှင့် ပါဝင်ပတ်သက်သူများ၏ တည်နေရာများ) ပါဝင်သည်။

၄။ ဒေတာဘလော့ (Datablog): သုတေသနတွေ့ရှိချက်များနှင့် ရှုပ်ထွေးသောဒေတာများကို ရှာဖွေကြည့်ရှုသူများ လွယ်ကူစွာ နားလည်နိုင်ရန် ရိုးရှင်းစွာပြသရာ ကိရိယာ (tool) တစ်ခုဖြစ်သည်။ ပို့စ်-ကြော်ငြာချက် (Post) တစ်ခုစီတွင် အပြန်အလှန်တုံ့ပြန်ကြည့်ရှုနိုင်သော ဂရပ်ပုံများ (interactive graphs) (သို့မဟုတ်) ပုံများတစ်ခုနှင့် ဂေဟစနစ်ကို အားပြုသောစိုက်ပျိုးရေးဆိုင်ရာ အဓိက သတင်းစကား (သို့မဟုတ်) စိတ်ဝင်စားဖွယ် အချက်အလက်တစ်ခုကို ရည်ရွယ်ဖော်ပြသည့် စာတိုတစ်ပိုဒ် ပါဝင်သည်။

၅။ ကျွမ်းကျင်ပညာရှင်များ (Experts): မဲခေါင်ဒေသရှိ ဂေဟစနစ်ကို အားပြုသော စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ အချက်အလက်များ စုစည်းပေးထားသော ဒေတာဘေ့စ်ဖြစ်သည်။ ဒေသတွင်း၏ နေရာဒေသအလိုက်နှင့် ဘာသာရပ်အလိုက် မတူကွဲပြားသည့် ကျွမ်းကျင်ပညာရှင်များ အချင်းချင်း ဖလှယ်မှုနှင့် ကွန်ရက်ချိတ်ဆက်မှုများ မြှင့်တင်ရန် ရည်ရွယ်သည်။ ALiSEA အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်မဟုတ်သူများပါ ဒေတာဘေ့စ်တွင် မှတ်ပုံတင်နိုင်သည်။

အသုံးပြုခွင့်

ALiSEA ဗဟုသုတနှင့် အသိပညာစုဝေးရာ ဗဟိုချက် (ALiSEA Knowledge Hub) သည် ကွန်ရက်၏ အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်မဟုတ်သူများထံမှ ပံ့ပိုးပေးသော သိပ္ပံနည်းကျဆောင်းပါးများ၊ လက်တွေ့အတွေ့အကြုံများ၊ အကောင်းဆုံးလုပ်ဆောင်ချက်များဆိုင်ရာ အချက်အလက်စာရွက်များ (factsheets)၊ လက်တွေ့အကောင်အထည်ဖော်သူများ၏ အတွေ့အကြုံများနှင့် မူဝါဒဆိုင်ရာ အနှစ်ချုပ်များ (policy briefs) အပါအဝင် ကျယ်ပြန့်သော အသိပညာများကို စုစည်းထားသည့် လွတ်လပ်စွာဝင်ရောက်အသုံးပြုနိုင်သော (open-access) အွန်လိုင်းအရင်းအမြစ်တစ်ခုဖြစ်သည်။ အကြောင်းအရာအများစုမှာ အင်္ဂလိပ်ဘာသာဖြင့် ရရှိနိုင်ပြီး အချို့သောအရင်းအမြစ်များကို န်မာဘာသာ အပါအဝင် အခြားဒေသတွင်း ဘာသာစကားများဖြင့် ရရှိနိုင်သည်။

 

ပံ့ပိုးသူများ

ALiSEA ဗဟုသုတနှင့် အသိပညာစုဝေးရာ ဗဟိုချက် (ALiSEA Knowledge Hub) ကို ဂေဟစနစ်ကို အားပြုသော စိုက်ပျိုးရေး နှင့် ဘေးအန္တရာယ်ကင်းသော အစားအစာစနစ် အသွင်ကူးပြောင်းမှု (Agroecology and Safe Food System Transitions – ASSET) စီမံကိန်း (၂၀၂၀-၂၀၂၅) နှင့် ဂေဟစနစ်ကို အားပြုသော စိုက်ပျိုးရေး မြှင့်တင်ရေးအစီအစဉ် (Agroecology Promotion Programme – APP; ၂၀၂၄-၂၀၂၈) စီမံချက်များဆောင်ရွက်နေစဥ်တွင် CDE၊ GRET၊ CIRAD နှင့် Mediaseeds တို့နှင့် ပူးပေါင်း၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ALiSEA ဗဟုသုတနှင့် အသိပညာစုဝေးရာ ဗဟိုချက် (ALiSEA Knowledge Hub) ကို ALiSEA ကွန်ရက်၏ ဒေသဆိုင်ရာ ညှိနှိုင်းရေးရုံး (regional coordination office) မှ AFD ၊ EU ၊ FFEM နှင့် SDC တို့၏ ငွေကြေးအထောက်အပံ့ဖြင့် စီမံခန့်ခွဲပါသည်။ (အဖွဲ့အစည်းများ၏ ကိုယ်ပိုင်အမှတ်တံဆိပ် အမှတ်အသား လိုဂိုများနှင့် လင့်ခ်များကို အောက်တွင်ဖော်ပြထားပါသည်။)